ပန်း​တောင်းမြို့နယ်၌ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်း​တောင်းမြို့နယ်၌ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ကျင်းပ



MNP ၊ မေ  ၉

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ယမန်နေ့က ကျင်းပခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းပါမောက္ခ ဒေါက်တာမျိုးညွန့်မှ ပေးပို့သော (၇၅) ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာအား မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက  ရှင်းလင်းဖတ်ကြားခဲ့ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံတွင် နှစ်စဉ်မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့သည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ရှိသော ကြက်ခြေနီ စေတနာရှင်များကို ဂုဏ်ပြုသောနေ့လည်းဖြစ်ကြောင်း၊ ရာသီဉတု ပြောင်းလဲမှုများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ကြက်ခြေနီ အခြေခံမူ (၇) ချက် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပတ္တီးစည်းနည်းများ၊ ရှေးဦးသူနာပြုစုနည်းများကို သရုပ်ဖော်ပြခဲ့ပြီး ခရိုင်တပ်ဖွဲ့မှူး ဦးဝင်းကြိုင်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုလွှာများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)