ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ





MNP ၊ မေ  ၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌  နိုင်ငံ့ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို  ယနေ့၊ နံနက်(၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။


    ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲသစ် (XBB.1.16)ကူးစက်ဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့်ဒေသခံပြည်သူ့များကို ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကြိမ်ရေအလိုက် ထိုးနှံပေးခဲ့သည်။


  အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ယမန်နေ့က နိုင်ငံ့ဝန်ထမ်းနှင့်ဒေသခံပြည်သူ ၁၁၄ ဦးတို့ကို စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် အဖြစ်ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)