မာန်အောင်မြို့နယ်၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှအသက်(၇၀)ထက်ဘိုးဘွားများအားမုန်တိုင်းခိုလုံရာနေရာသို့ ကြိုတင်ရွှေ့ပြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှအသက်(၇၀)ထက်ဘိုးဘွားများအားမုန်တိုင်းခိုလုံရာနေရာသို့ ကြိုတင်ရွှေ့ပြောင်း





MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ အသက်(၇၀)နှစ်အထက် ဘိုးဘွားများအား မုန်တိုင်း ခိုလုံရာနေရာသို့ ယနေ့ညနေပိုင်းက ​ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။


     ထိုသို့ ​ရွှေ့ပြောင်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ က ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွဋ်၊ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်မောင်ဖြူနှင့်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းနှင့်မီသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာရှိသဘာဝဘေးကယ်ဆယ်ရေးအဖွဲ့တို့က မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှအသက်(၇၀)အထက်ဘိုးဘွားများအားကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိရာ  သိမ္ဘလကျေးရွာအုပ်စု ၊သိမ္ဘလကျေးရွာမှ အသက်(၇၀)ထက် အဘိုး(၃)ဦး၊အဘွား(၁၂)ဦးတို့အား တောထူကျေးရွာအုပ်စု၊ဆင်နားချောင်ကျေးရွာရှိ ခေမာသီတလဓမ္မရိပ်သာသို့လည်းကောင်း၊ခအုန်းမော်ကျေးရွာအုပ်စု၊ကူးတော့ဆိပ်ကျေးရွာရှိ အဘိုး(၅)ဦး၊အဘွား(၉)ဦးတို့အား ရန်အောင်မြင်ရပ်ကွက်ရှိ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာသို့လည်းကောင်း၊မီးလောင်ထောင့်ကျေးရွာအုပ်စု ၊ကျီချောင်းဝကျေးရွာရှိအဘိုး(၅)ဦး၊အဘွား(၂၅)ဦး၊စုစုပေါင်း(၃၀)ဦးနှင့် ဇလပ်ပြင်ကျေးရွာရှိ အဘိုး(၁၁)ဦး၊အဘွား(၉)ဦးစုစုပေါင်း(၂၀)ဦးတို့အား မုန်တိုင်းခိုလုံရာ ကျီးချောင်းဝကျေးရွာ ရှိသဒ္ဓမ္မရံသီဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း​ရွေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)