ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သော မြန်မာလက်ရွေးစင် (အမျိုးသား)ယူ-၂၂ ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် (အမျိုးသမီး) အသင်းတို့အား ဆုတော်ငွေ သိန်း ၁၅၀၀ စီ အသီးသီးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သော မြန်မာလက်ရွေးစင် (အမျိုးသား)ယူ-၂၂ ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် (အမျိုးသမီး) အသင်းတို့အား ဆုတော်ငွေ သိန်း ၁၅၀၀ စီ အသီးသီးချီးမြှင့်





MNP ၊ မေ ၁၂

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၃ Sea Game ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော မြန်မာလက်ရွေးစင် (အမျိုးသား) ယူ-၂၂အသင်းနှင့် မြန်မာ့လက်ရွေးစင် (အမျိုးသမီး) အသင်းတို့မှ အုပ်စုကို လွန်မြောက်၍ ဆီးဂိမ်းအထိ အသီးသီး တက်လှမ်းခဲ့ကြရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက သိန်း ၁၅၀၀ စီ ဆုတော်ငွေ ချီးမြှင့်ပေးထားကြောင်း သိရသည်။

ပြိုင်ပွဲမစတင်မီကတည်းက တစ်ပွဲနိုင်လျှင် သိန်း ၃၀၀ ဆုချီးမြှင့်ပေးမည်ဟု ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အတွက် ထပ်ဆောင်းဆုငွေနှင့်တကွ  မြန်မာ့လက်ရွေးစင် (အမျိုးသား) ယူ-၂၂ အသင်းကို သိန်း ၁၅၀၀၊ မြန်မာ့လက်ရွေးစင် (အမျိုးသမီး) အသင်းကို သိန်း ၁၅၀၀ ဆုတော်ငွေ ချီးမြှင့်ပေးထားကြောင်း သိရသည်။

ထိုသို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသည့်အတွက် မြန်မာလက်ရွေးစင် (အမျိုးသား) ယူ-၂၂ အသင်းမှ တိုက်စစ်မှူး ဟိန်းထက်အောင် က ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် နာယက၊ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း၊ အားကစားသမားများကို ဒီထက်မက ပံ့ပိုးပေးနိုင်ပါရန် ကျေးဇူးတင်စကား ပြောကြားထားသည်။

ထို့အတူ မြန်မာ့လက်ရွေးစင် (အမျိုးသမီး)အသင်းမှ အသင်းခေါင်းဆောင် ခင်မာလာထွန်း ကလည်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် နာယကကြီး၊ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း၊ ရွှေဖလားရသည်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆီမီးဖိုင်နယ်တွင် မြန်မာ့လက်ရွေးစင် (အမျိုးသမီး) အသင်းမှာ ထိုင်းအသင်း နှင့် ယနေ့ (၁၂-၅-၂၀၂၃) ရက်နေ့ ညနေ (၆ ၃၀) နာရီတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် (အမျိုးသား) ယူ-၂၂ အသင်းမှာ မနက်ဖန် (၁၃-၅-၂၀၂၂) ရက်နေ့တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာလက်ရွေးစင် (အမျိုးသား)(အမျိုးသမီး) အသင်းများသည် ထိုင်းအသင်းများကို အနိုင်ရရှိပါမှ ရွှေခေတ်တစ်ခေတ်ကို  ပြန်လည်၍ မော်ကွန်းစိုက်ထူနိုင်မည်ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)