Pages

Pages

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ



MNP ၊ မေ ၁၀

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ် သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး၊  မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၁ ဦး၊ ကျောက်ဖြူမြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်တို့၌ သင်တန်း စခန်း ၁၇ ခုတို့မှ စခန်းသွင်းလေ့ကျင့် သင်ကြားပေးလျက်ရှိ အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးတို့သည် ယနေ့တွင် လေယာဉ်မောင်းသင်ကျောင်းရှိ Flight Line နှင့် လေကြောင်းထိန်း ဌာနတို့တွင် တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်း ဆောင်တာများအား လက်တွေ့ ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ကြပြီး  RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone များ လေ့ကျင့်ပျံသန်းခြင်းတို့ကို သက်ဆိုင်ရာနည်းပြ များ၏ ကြီးကြပ်မှုဖြင့် လေ့ကျင့်သင်ကြားခဲ့ကြသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြား ပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment