ဒုတိယဝန်ကြီး ဦအေးကျော် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဓာတ်အားအမြန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦအေးကျော် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဓာတ်အားအမြန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကြည့်ရှု


MNP ၊ မေ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဓာတ်အားအမြန် ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ၂၆-၅-၂၀၂၃ ရက်နေ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး၊ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။ ထို့နောက် ရသေ့တောင် မြို့နယ်အတွင်းမုန်တိုင်းကြောင့် ပျက်စီးသွားသော မီးစက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ ၆၆ ကေဗွီ ပုဏ္ဏား ကျွန်း - ရသေ့တောင် ဓာတ်အားလိုင်းပြုပြင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြို့တွင်း ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်သည်။

ယင်းနောက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ Control Room နှင့် Swich Yard အတွင်း Power Transformer နှင့် ဓာတ်အားလွှတ်ပစ္စည်းများ စစ်ဆေးဆောင်ရွက်နေမှုနှင့် ခွဲရုံဝန်ထမ်းအိမ်ရာပြုပြင် ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းနှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ မြို့ပေါ်ရပ်ကွက်များတွင် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှ လုပ်ငန်းလာရောက်ဆောင်ရွက်လျက်ရှိသော တာဝန်ရှိသူများကို တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။ ည ၇ နာရီ တွင် စစ်တွေမြို့ပေါ်ရှိ မေယုလမ်းမကြီးတစ်လျှောက် ကားကြီးဝင်းအနီးမှ မီးစက်ကြီးအဝိုင်းနှင့် နာရီစင်အထိလည်းကောင်း၊ လမ်းမကြီးလမ်းတစ်လျှောက် နာရီစင်မှ ဘီလူးမချောင်းတံတားနှင့် ဆတ်ရိုးကျတံတားအထိလည်းကောင်း ၅၀၀ ကေဗွီအေ ဓာတ်အားပေးစက်ဖြင့် လမ်းမီးများ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ အများပြည်သူများ၏ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ အလင်းရောင်သုံးလျှပ်စစ်ပစ္စည်းများ အားသွင်းအသုံးပြုနိုင်ရန်အတွက် Charging Point နေရာသုံးခု ထပ်တိုးထားရှိမှုအခြေ အနေ၊ လောကာနန္ဒာဘုရားကြီးအား လျှပ်စစ်မီးထွန်းညှိပူဇော်ထားရှိမှုနှင့် နာရီစင်အား မီးထွန်းညှိ အလှဆင်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)