MNP ၊ မေ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ေပါက်တောမြို့မြို့မဈေးကြီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေရေးရည်ရွယ်၍ ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်းခြင်းကို ယနေ့ နံနက်ပိုင်းကစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု Commend Center ရုံးခန်းဖွင့်လှစ်ပြီး ကော်မတီဖွဲ့စည်း၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်လျှက်ရှိခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ထားရှိခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ဆောင်ရွက်ထားရှိ ကြောင်းသိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment