MNP ၊ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)စုတွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီး ပြီး လူနေအိမ်(၁)လုံးမှာ ပြိုကျ ပျက်စီးကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် သောကြာဒူးကျေးရွာအုပ်စုအတွင်းရှိ အင်ကြင်းကုန်းကျေးရွာတွင် သွပ်မိုး/ထရံကာ လူနေအိမ်(၂)လုံးနှင့် ရွှေပန်တောကျေးရွာအုပ်စုအတွင်းရှိ ထန်းကုန်းကျေးရွာတွင် လူနေအိမ် (၁)လုံးတို့မှာ အမိုးလန်ပျက်စီးပြီး၊ ဆုံလဲကျေးရွာအုပ်စုရှိ ကျွန်းကြီးကျေးရွာတွင် ဓနိမိုး/ထရံကာ လူနေအိမ် (၁)လုံး ပြိုကျပျက်စီးသဖြင့် စုစုပေါင်း ဆုံးရူံးမှုတန်ဖိုး ငွေကျပ်(၄၃၀၀၀၀/-)ဖြစ်ပြီး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၉)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု(၄)စုမှ လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင် ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment