လှည်းကူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ (၂)နာရီက လှည်းကူးခရိုင်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများ၊ ကွပ်ကဲရေးရုံးများအား ဥပဒေချုပ်ကိုယ်စား တိုင်းဒေသကြီး ပြန်/ ဆက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းသည် လှည်းကူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်နှင့်အတူ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများဖြင့် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။


ရှေးဦးစွာ လှည်းကူးမြို့နယ်၊သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန်တော်ကြီးတွင် ကယ်ဆယ်ရေးစခန်း စီစဉ်ဆောင်ရွက်ထားရှိမှုအနေဖြင့် လူ ၁၅၀၀ ဦးအတွက် နေရာထိုင်ခင်းနှင့် စားရေရိက္ခာများစုဆောင်းထားရှိမှုကိုလည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် ကယ်ဆယ်ရေးဆိုင်ရာ မီးသတ်ယာဥ် ၄ စီး၊ အရေးပေါ်ယာဥ် ၂ စီး၊ အသက်ကယ်အင်္ကျီများ၊ အသက်ကယ်လှေ၊ Chain Saw များ စီစဉ်ထားရှိမှုကိုလည်းကောင်း၊ ကျောက်ကုဒင်ကျေးရွာ၊ ဖောင်ကြီးအနောက်ကျေးရွာ၊ မင်းကုန်းကျေးရွာများရှိ ကွပ်ကဲရေးရုံးများကိုလည်းကောင်း၊ ငမိုးရိပ်ဆည်၏ ရေသိုလှောင်နိုင်မှုနှင့် ဆည်ကြံ့ခိုင်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)