MNP ၊ မေ ၇
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အထင်ကရဘုရားစေတီ၊ ပုထိုးများ ဖြစ်သော သျှစ်သောင်း၊ထုက္ကန်သိမ်၊အံတော်သိမ်၊လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကိုယမန်နေ့ညနေပိုင်းအချိန်က ထုက္ကန်သိမ်ဘုရားအနီးကျင်ပြိုင်ပွဲကွင်းတွင် ကျင်းပလျှက်ရှိကြောင်းသိရသည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသောနယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ် ချုပ် ရေး အဖွဲ့ ဥက္ကဌဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ဌာနဆိုင်ရာများ၊ဂေါပကဥက္ကဌနှင့်အဖွဲ့ဝင်များ၊ကျင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတို့ တက်ရောက်ကြသည်၊၊
အခမ်းအနားတွင် သျှစ်သောင်းဘုရားဂေါပကဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာ ၌ ရခိုင့်ရိုး ရာ ကျင်ပွဲကိုရခိုင်ပြည်နယ်အတွင်းရှိကျင်ဝါသနာရှင်များဝင်ရောက် ယဉ်ပြိုင် ကြသည့် အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနောင်နှစ်မှာလည်းကျင်ဝါသနာရှင်များလာရောက်ယဉ်ပြိုင်ကြရန်ဖိတ်ခေါ်ခဲ့ကြောင်းပြောကြားခဲ့သည်။
ထိုကျင်ပွဲတွင် ပထမအကြီတန်းပထမဆုကိုပူးတွဲချန်ပီယံအဖြစ် ကျောက်ဖြူမြို့မှ အလင်း ရောင် နှင့်မြောက်ဦးမြို့ ဘုရားပေါ်ရပ်ကွက်မှ မင်းမင်းထွန်း၊ တတိယဆုဇော်မင်းစိုး၊ စတုတ္ထဆုဇော်ထွန်း၊ ဒုတိယတန်းပထမဆုကိုကျောက်တော် အောင်ပိုင်စိုး၊ ဒုတိယဆုရှိသူရခိုင်စိုး ၊ တတိယဆုရ ရှိသူ ဌေးလင်း၊ စတုတ္ထဆုရရှိသူထွန်းလင်း၊ တတိယတန်းပထမဆုရရှိ သူပိုးရွှီပြင်ကျေးရွာမှ လပြည့်၊ ဒုတိယဆုရရှိသူကျောက်ရာဇ်ကေရပ်ကွက် ဇွဲလင်းအောင်၊ တတိယဆုရရှိသူကျောက်ဖြူမြို့ မှ မျိုးလင်း၊ စတုတ္ထဆုရရှိသူဆင်ချဆိပ်ရပ်ကွက်မှ အောင်ကျော်နိုင်၊ စတုတ္တတန်းပထမ ဆုရရှိသူ ဘုရားပေါ်ရပ်ကွက် မှ ကျော်ဝင်းနိုင်၊ ဒုတိယဆုဆုရရှိသူများကိုအောင်မင်္ဂလာရပ်ကွက်မှ ဦးမင်းသန်း၊ တတိယဆုရရှိသူအောင်မင်္ဂလာရပ်ကွက်မှ အောင်ငြိမ်းဌေး၊ စတုတ္ထဆု ရရှိသူ ဆင်ချဆိပ်ရပ်ကွက်မှ အောင်ကိုဖြိုး တို့ကိုတာ ဝန်ရှိသူများ ကဆုများ အသီးသီးပေး အပ်ချီးမြင့် ကြပြီးကျင်ပွဲကျင်းပရေးကော်မတီဥက္ကဌ မှ ကျေးဇူးတင်စကားပြောကြားရာတွင်ယခုနှစ်ထက် နောင်နှစ်တွေမှာ စည်စည်ကားကားကျင်းပနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်းသိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment