သထုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှုပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှုပြုလုပ်





MNP ၊ မေ  ၁၀

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် တာဝန်ရှိသူများ‌ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယနေ့ နံနက်က လိုက်လံပြုလုပ်ခဲ့ကြသည်။


ထိုသို့လိုက်လံနှိုးဆော်ရာတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ သထုံမြို့မ(၅)ရပ်ကွက်တိုရှိ အဝေးပြေးလမ်းမကြီးများ၊ ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့်သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနိုုးဆော်ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)