ပိုင်ကျုံမြို့ အ-ထ-က ကျောင်းလမ်း၌ အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ အ-ထ-က ကျောင်းလမ်း၌ အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်





MNP ၊ မေ  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊   ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် အ-ထ-ကကျောင်းလမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာ အုတ်စီရေမြောင်း တည်ဆောက်ခြင်းကို မေလ ၈ ရက်နေ့က  စတင် အ‌ကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၃၀.၄၁)သန်းဖြင့် အရှည် ၅၅၀ပေ၊  အကျယ် ၂ပေ၊ အမြင့် ၃ပေရှိပြီး လုပ်ငန်းများသတ်မှတ် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ  တာဝန်ရှိသူများတို့က  အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင် ရေစီးရေလာ ကောင်းမွန်လာမည်ဖြစ်ပြီး   ဒေသ‌နေပြည်သူများအနေဖြင့်  ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက်   အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)