ကျိုက်ထိုမြို့နယ်တွင်မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင်မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ





MNP ၊ မေ  ၁၀

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ကြေညာထားသော ဆိုင်ကလုန်း မုန်တိုင်းနှင့်ပက်သက်၍ ဒေသခံပြည်သူလူထုများ သတိပြုရှောင်ရှားကြစေရန် ရည်ရွယ်၍မြိုနယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ  လူစည်ကားနေရာဖြစ်သည့် လမ်းဆုံများနှင့် စျေးများအတွင်း၌ မုန်တိုင်းဘေး၊ရေဘေး၊လေပြင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များကို  မေ(၁၀)ရက် နံနက်(၉)နာရီ က ပြည်သူများအားအခမဲ့ ဖြန့်ဝေပေးခဲ့သည်။ 


   လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ ၊မုန်တိုင်းဖြစ်ပေါ်မည်ဟုသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ် ပေါ်ပြီးချိန်၌ လိုက်နာရမည့်အချက်များပါရှိပြီး ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြစေရန်  အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းသိရသည်။


      အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုးနှင့်ဝန်ထမ်းများမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဇော်နှင့်ဝန်ထမ်းများ၊ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့၊ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)