မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ က ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေး လိုအပ် သည်များကိုလမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ က ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေး လိုအပ် သည်များကိုလမ်းညွှန်မှာကြား




MNP ၊ မေ  ၂၈

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် နှင့်  တာဝန်ရှိ သူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံခဲ့၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် နှင့်  တာဝန်ရှိ သူများသည် မြို့နယ်ပညာရေးမှူး၊မုန်တိုင်းသင့် အခြေခံပညာကျောင်းပေါင်း (၉၇) ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းကော်မတီ ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် တွေ့ဆုံ ခဲ့ပြီး ပျက်စီးသွားသော အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ရက်မတိုင်မီ အမြန်ဆုံး ပြုပြင် နိုင်ရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။


ထိုသို့ တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းပေးခြင်းကြောင့်  ကျောင်းဖွင့်ရာသီရောက်ချိန်တွင် ကျောင်းများဖွင့်လှစ်နိုင်ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)