တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်





MNP ၊ မေ  ၈

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် ၊ ခရိုင်ကျွန်း၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း ယမန်နေ့ မွန်းလွဲပိုင်း က မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ နှင့်ဌာနဆိုင်ရာများ ကဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်ဌာနဆိုင်ရာများ က ခရိုင်ကျွန်းရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ၍ ဘင်္ဂလား ပင်လယ် တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေများနှင့်မုန်တိုင်းမကျရောက်မီကြို တင်ပြင်ဆင်ထားရမည့် အနေ အထား များ ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လိုအပ်သောဆေးဝါး ၊ စားနပ်ရိက္ခာများ ၊ အရေးကြီးစာရွက် စာတမ်းများ‌လုံခြုံစွာသိမ်းဆည်းထားရှိရန် နှင့်မုန်တိုင်းအန္တရာယ်ကျရောက်ပါက ခိုလုံမည့် အဆောက်အဦ သို့တစ်ပါတည်းယူဆောင်ကြရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)