မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ် ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ် ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြို တင်ကာကွယ် ရေးအ တွက် ကယ်ဆယ်ရေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့ ပြုလုပ်ခဲ့သည်။


မုန်တိုင်းကျရောက်လာပါက ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် အချိန်နှင့် တပြေးညီ ရှာဖွယ်ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းများ၊ လေးထိုးဘုတ်များ၊Speed Boat ၊ အသက်ကယ်အင်္ကျီ ၊အသက်ကယ်ဘော ကွင်း၊အသက် ကယ်ကြိုး ထားရှိမှုတို့ကို ပျက်စီးမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။မုန်တိုင်းဒဏ်ကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ လူ၊အဆောက်အဦးများ ပျက်စီးမှုလျော့နည်းစေရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများ ကြိုင်တင်ဖွဲ့စည်းထားခြင်း၊ မုန်တိုင်းအသိပညာ ပေး လက်ကမ်းစာစောင်များနှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩခြင်းတို့ကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည့်အပြင် မုန်တိုင်းကျရောက်လာပါက မီးသတ်ဦး စီးဌာ န အနေဖြင့် ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ နယ်မြေခံတပ်မမှူး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာန အနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)