မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွယ်ကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်များ အသင့်ဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွယ်ကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်များ အသင့်ဆောင်ရွက်ထားရှိ




MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင် ရန် အသင်းစုဖွဲ့ဆောင်ရွက်ခြင်းနှင့်  ရှာဖွယ် ကယ်ဆယ်ရေးလျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာ ဖွယ်ကယ်ဆယ်ရေးသုံး ပစ္စည်းများ ကို ယနေ့ နံနက် ၉ နာရီအချိန်က ကြိုတင် ဆောင်ရွက် ထား ရှိ ကြောင်း သိရသည်။

မိုးကြိုကာလ ရောက်ရှိလာမည်ဖြစ်၍ မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးကြောင့် လူတရစ္ဆာန် နှင့်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ၊ ရှိလာနိုင်ခြင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာ ကွယ် နိုင်ရန်အတွက် ပြည်သူများထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြည်သူများကို ကြိုတင် ပြင် ဆင်နိုင်ရန်၊  သဘာဝဘေးအန္တရာယ်များ၊မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ် များ နှင့် မြို့နယ်အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူ များထံသို့ အချိန်မှီ အသိပေးပြန်ကြားပြီး ဘေးအန္တရာယ်များဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန် နိုင်ရေးနှင့် အခြား သော ဘေးအန္တရာယ် ကျရောက်သည့် အခါ အရေးပေါ်ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင် ရွက်နိုင် ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းများ၊လေထိုးဘုတ်များ ၊ Speed Boat ၊ စက်သုံး ဆီ၊ အသက်ကယ်အင်္ကျီနှင့် ရှာဖွယ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ ဆောင်ရွက် ထားရှိကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)