မိုင်းဖြတ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်များစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်များစိုက်ထူ



MNP ၊ မေ  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ် ပညာရေးမှူးရုံး၊ အထက(မိုင်းဖြတ်)၊ အထက(ဟိုနား)ကျောင်းရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။


ထိုသို့ စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးဖို့ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်ပါရှိသည့် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင် စိုက်ထူခဲ့ကြောင်း သိရသည်။


မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို  ၂၀၂၃ခုနှစ်၊ မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ စတင်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သန်းထွန်း​အေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)