တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့််ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့််ဝေ





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်(၇) နာရီ အချိန် တွင် မြို့မဈေးတွင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။


အဆိုပါလကမ်းကမ်းစာစောင်တွင်မုန်တိုင်းနှင့်မုန်တိုင်းသတိပေးချက်၊မုန်တိုင်းအင်အားနှင့်ဦးတည်ရာ အလိုက်အရောင်သတ်မှတ်မှု၊မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍သတိပြုရန်အချက်များ၊ မုန်တိုင်းမကျ ရောက်မီ ဆောင်ရွက်ရမည့်အချက်များ ၊ မုန်တိုင်းတိုက်ခတ်စဉ် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့် အန္တရာယ်များအကြောင်း အရာများပါရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)