သထုံမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဝင်ခွင့်လျှောက်လွှာများ လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဝင်ခွင့်လျှောက်လွှာများ လက်ခံ





MNP ၊ မေ  ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စတင်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းတက်ရောက်နိုင်ရေးအတွက် ဝင်ခွင့်လျှောက်လွှာများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျှက်ရှိရာ တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူတို့ လာရောက်ထုတ်ယူ အပ်နှံကြလျှက်ရှိကြောင်း ‌သိရသည်။


"ကျောင်းသားတွေကို ဘာသာရပ်အလိုက် သုံးမျိုးခွဲပြီး လက်ခံထားတာပေါ့၊ ကျွန်တော်တို့ လျှောက်လွှာတွေကို ဒီ မေလ ၆ ရက်နေ့က ၁၇ ရက်နေ့အထိ လက်ခံပြီးတော့ ၁၈ ရက်နေ့မှာ လျှောက်လွှာပိတ်မှာပါ။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade -9 အောင် မြင်သူတွေကို တက်ရောက်ခွင့်ပြုတာပါ" ဟု စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(သထုံ)တာဝန်ခံ ဆရာကြီး ဦးကျော်မင်းက‌ ပြောသည်။


သထုံမြိုနယ်၏ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(သထုံ) ကျောင်းဝန်းအတွင်း တွဲဖက် ဖွင့်လှစ်ထားပြီး အဆိုပါအထက်တန်းတန်းကျောင်း၌ ပညာဆက်လက်သင်ယူနိုင်သည့်အခွင့်အလမ်းများကို ပြည်သူများအနေဖြင့် ကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် အခြေခံပညာကျောင်းအသီးသီးတို့တွင် အသိပေးပိုစတာများချိတ်ဆွဲပြသခြင်း၊ ကျောင်းသားမိဘများနှင့် အသိပညာပေးဆွေးနွေးခြင်းများကို ဖေဖော်ဝါရီလမှစတင်ကာ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း ကျောင်းတာဝန်ခံဆရာကြီးက ဆက်လက်ပြောကြားသည်။


သထုံမြို့နယ် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် အဓိကဘာသာရပ်ကြီး သုံးခုတို့အနက် စက်မှုဘာသာရပ်တွင် ကျောင်းသားကျောင်းသူ ၉၀ ဦး၊ စိုက်ပျိုးရေး ဘာသာရပ်တွင် ၃၀ ဦး၊ မွေးမြူရေးဘာသာရပ်တွင် ၃၀ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၅၀ ဦးခန့်အား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ လက်ခံသင်ကြားပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)