Pages

Pages

ပန်းတောင်းမြို့နယ်၌ လေဘေးသင့်ပြည်သူများအား အလှူငွေများ ထောက်ပံ့ပေးအပ်




MNP ၊ မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တလုပ္ပင်ကျေးရွာအုပ်စုအတွင်း​လေဘေးသင့်ပြည်သူများအား ယမန်နေ့ နေ့လည် ၂နာရီအချိန်က အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့်ဝန်ထမ်းများ၊ ဥသျှစ်ပင်နယ်မြေစခန်းမှူးပါဝင်သောအဖွဲ့သည် တလုပ္ပင်ကျေးရွာအုပ်စုလေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ခြေ (၂၈)လုံးအတွက်​ငွေကျပ်(၁၃၃၇၉၀၀ိ/-)ကျပ်အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment