လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာအုပ်စု ညောင်ပင်ဝဲကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင် ချေးငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာအုပ်စု ညောင်ပင်ဝဲကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင် ချေးငွေထုတ်ချေး


MNP ၊ မေ  ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ပင်ဝဲကျေးရွာအုပ်စု ညောင်ပင်ဝဲကျေးရွာရှိ ကျေးလက်ဆေးပေးခန်းတွင် ယနေ့နံနက်ပိုင်း၌ စတုတ္ထအကြိမ်အဖြစ် မြစိမ်းရောင်ချေးငွေထုတ်ချေးခဲ့သည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ချေးငွေ ထုတ်ချေးသည့် စီမံကိန်းလုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်း ချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင် စေရန်ရည်ရွယ်၍ အဆိုပါကျေးရွာနေ စိုက်ပျိူးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၉)ဦးအတွက် ချေးငွေ (၂၃၇.၅) သိန်းကျပ်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၁)ဦးအတွက် ချေးငွေ (၁၀၃.၅)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၃)ဦးအတွက် ချေးငွေ (၉)သိန်းကျပ် စုစုပေါင်း(၁၁၅)ဦးအား စတုတ္ထအကြိမ်အဖြစ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၅၀)သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။


ကျော်ဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)