တာမွေမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းဘေး အန္တ ရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လိုက်နာ ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိထားနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်မိရပ်ဖ များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လမ်းများအလိုက် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများကို ကပ်ထားကြေညာခြင်း၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခြင်း စသည်ဖြင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များတွင် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာ နိုင်မည်ဆိုပါက ကြိုတင်ပြင်ဆင်ထားရန်အချက်များ၊ လိုအပ်သော အ‌ရေးပေါ်သုံး ပစ္စည်းများနှင့် ဆောင်ရွက်ရန်အချက် များ၊ မုန်တိုင်းဘေးအန္တရာယ် ကျရောက်နေစဉ်အတွင်း လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး နားလည်သဘောပေါက်လွယ်ကူစေရန် အရောင်ဖြင့် သတိပေးစနစ်များအကြောင်းနှင့် မုန်တိုင်းဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များနှင့် လိပ်စာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)