အမ်းမြို့၌ မုန်တိုင်းဘေး အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ မုန်တိုင်းဘေး အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ





MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန် ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက အမ်းမြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွပ်ရှိ ဈေးဆိုင်များ၊လူနေအိမ်များတွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြ သည်။


 ထို့သို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဌာနဆိုင်ရာ ပူးပေါင်းဝန်ထမ်းများ သည်  မြို့မဈေးသို့ လာရောက် ဈေးရောင်း၊ ဈေးဝယ်ကြသည့် ပြည်သူများ၊  ခရီးသွားပြည် သူများအား မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မုန်းတိုင်းအန္တရာယ် အကြောင်း သိကောင်းစရာများဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


  ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေထားဇော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းတို့က မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန( နေပြည်တော်)မှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အကြောင်း၊ လေဖိအားနည်းရပ်ဝန်း(Low Pressure rea)သည် ပိုမိုအားကောင်း လာနိုင်ကာ မုန်တိုင်းငယ်(Depressi on) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားမှုတို့ကိုလည်း အသိပညာပေးဟောပြောကြပြီး  မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေး မှုဦးစီးဌာနမှအချိန်နှင့် တပြေးညီ ထုတ်ပြန်လျက်ရှိသည့် သတင်းများအား ကြည့်ရှုနားဆင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။


အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်အချက် များပါဝင်သည့် လက်ကမ်းစာစောင် (၃၀၀)ကျော်ကို ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။


ဆက်လက်၍ ပင်လယ်နားနီး ကျေးရွာများသို့ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ရေ‌ဘေးအသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေဆောင်ရွက်ထားပြီးဖြစ်

ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost 













No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)