Pages

Pages

ပေါက်တောမြို့၌သဘာဝဘေးကျရောက်နိုင်သည့်ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီစနစ်တကျစီစဥ်ဆောင်ရွက်နိုင်ရန်အတွက်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးမှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ကျေးရွာအုပ်စု (၆)စု၊ အိမ်ထောင်စု(၁၇၉) စု၊ လူဦးရေ (၇၁၈)ဦးတို့ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးမှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များက ဘေးလွတ်သည့်ခိုလှုံ ရွှေ့ပြောင်းရာ နေရာများသို့စနစ်တကျ  ပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment