Pages

Pages

ပုဏ္ဏားကျွန်းမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား အသိပညာပေးနှိုးဆော်




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင်မိုချာဆိုင်ကလုန်းမုန်တိုင်းသတိပေး ချက်များအား အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့၊ ညနေ (၈) နာရီကမြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ပေးခဲ့သည်။


 ထိုသို့သတိပေးနိုးဆော်ရာတွင်ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မကြာမီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါသဖြင့် မိုးလေဝသသတင်းများကို အချိန်နှင့်တပြေးညီသတိပြုနိုင်စေရန် မုန်တိုင်းသတိပေးချက်များအား စဉ်ဆက်မပြတ်စောင့်ကြည့်ကြရန်၊ ပင်လယ် ကမ်းခြေအနီး ဒေသများတွင် နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မီ ကြိုတင်ပြောင်းရွှေ့ထားရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြချက်များကို မျက်ခြေမပြတ် စောင့်ကြည့်နားဆင်ကြရန်၊ ဒေသခံနေပြည်သူများအနေဖြင့် မုန်တိုင်းအရှိန်ကြောင့်မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား ​စီမံဆောင်ရွက်ထားကြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လှည့်လည်အသိပေး နိုးဆော်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment