ရွှေတောင်မြို့နယ်တွင်မီးဘေးသင့် အိမ်ထောင်စု ( ၁) စုအားဆန်ရိက္ခာဘိုးထောက်ပံ့ငွေနှင့်အိမ်ဆောက်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်မီးဘေးသင့် အိမ်ထောင်စု ( ၁) စုအားဆန်ရိက္ခာဘိုးထောက်ပံ့ငွေနှင့်အိမ်ဆောက်ပစ္စည်းများပေးအပ်




MNP ၊ မေ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ကြက်ဖြူတောင်​​ကျေးရွာတွင်မေလ (၈)ရက်နေ့က  နေအိမ်တစ်လုံးမီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့သည်။ 


           အဆိုပါ     မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့သည့်အိမ်ထောင်စု အား ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ဦးစိုးရာဇာလင်း၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ဆည်ကြီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပါဝင်သောအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့ပေးအပ်သောအိမ်ဆောက်ပစ္စည်း၊ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ (၂၆၃၀၀ိ /-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ( ၁၈) မျိုးပါပုံးတစ်ပုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Hygiene Kit တစ်ကိုယ်ရေး သန့်ရှင်းရေးသုံးပစ္စည်း ( ၁၉) မျိုးပါပုံးတစ်ပုံး၊တာပေါ်လင် ( ၁) စတို့အား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)