Pages

Pages

ကျိုက်ထိုမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်





MNP ၊ မေ  ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် တာဝန်ရှိသူများ‌ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း ကို မေ(၁၃)ရက် နံနက်ပိုင်းက လိုက်လံပြုလုပ်ခဲ့ကြသည်။


ထိုသို့လိုက်လံနှိုးဆော်ရာတွင်ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊‌မြို့နယ်ရဲတပ်ဖွဲ့၊ တို့မှ ဝန်ထမ်းများ ပူးပေါင်းကာ ကျိုက်ထို မြို့မ(၆)ရပ်ကွက် ရှိ အဝေးပြေးလမ်းမကြီးများ၊ ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့်သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနိုုးဆော်ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment