ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးနိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးနိုးဆော်





MNP ၊ မေ  ၁၀

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများထံသို့  မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သတိပေးနိုးဆော်ခြင်းကို ယနေ့၊ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များအား အသိပေးနိုးဆော်ခဲ့ကြသည်။


     ထိုသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးနိုးဆော်ရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မေလ(၉)ရက်နေ့ မြန်မာစံတော်ချိန် (၂၃:၀၀)နာရီ ထုတ်ပြန်ချက်အရ ယနေ့မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန်တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖီအားနည်းရပ်ဝန်း (Well Maked Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း ၏ အနောက် တောင်ဘက် ရေမိုင် (၅၄၀)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၃၅) မိုင်ခန့်၊ အိန္တိယနိုင်ငံ နီကိုးဘားကျွန်း၏ အနောက်မြောက်ဘက် ရေမိုင်(၂၆၅)မိုင်ခန့်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ အနောက် တောင်ဘက် ရေမိုင်(၇၉၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ထားရှိသည်။


    သို့ဖြစ်ပါ၍ (၁၄-၅-၂၀၂၃)ရက်နေ့တွင် အရှေ့မြောက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့နှင့်မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားရှိပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြပါရန် အသိပေး နိုးဆော်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)