ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်





MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်နှိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ကာ မုန်တိုင်းကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။ 


ထိုသို့ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင်  ဘင်္ဂလားပင်လယ်အော်တွင် ဆိုက်ကလုန် မုန်တိုင်း ဖြစ်ပေါ်နေပါသည်၊ ၎င်းဆိုက်ကလုန်မုန်တိုင်းသည် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါသည်၊ အဆိုပါ ဆိုက်ကလုန်မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇဘားမြို့နှင့် ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ၁၃-၅-၂၀၂၃ ရက်နေ့မှ ၁၅-၅-၂၃ ရက်နေ့အတွင်း မုန်တိုင်းအရှိန် ကြောင့် မိုးသက်လေပြင်းကျပြီး လှိုင်းအလွန်ကြီးနိုင်ပါသည်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၉၀)မှ(၁၀၀)အထိတိုက်ခတ်နိုင်ပါသည်။


 ရပ်ကွက်၊ကျေးရွာများအတွင်းရှိ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုဘိုးဘွားများ၊ နာမကျန်းဖြစ်နေသူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ဆိုက်ကလုန်း Shelter များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ကြိုတင်ပြောင်းရွှေ့ နေနိုင်ကြပါနှင့် အိမ်တိုင်း၌ (၅)ဂါလံဆံ့ ပလတ်စတစ်ပုံးများအား ရေသန့်အပြည့်ထည့်၍ မဖြစ်မနေစု ဆောင်းထားရှိရန်၊ မိသားစုနှင့်ဆက်သွယ်မှုမပြတ်တောက်စေရန် လက်ကိုင်ဖုန်းများ၊ ပါဝါဘန့်များ အသင့်ဆောင်ထားခြင်း၊ ဓာတ်မီး၊ ဆေးဝါးနှင့် ရိက္ခာခြောက်များ ကြိုတင်စုဆောင်းထားရှိခြင်းများ၊ ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခဲ့သည်။ ထို့နောက် အဆိုပါပူးပေါင်း အဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ သို့သွားရောက်၍ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


‌တင်ထွန်းဦး

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)