မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေမှု၊ ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေမှု၊ ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး







MNP ၊ မေ  ၁၁

မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မေလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စုသို့ရောက်ရှိသည်။ ရှေးဦးစွာ အလှပ်ကျေးရွာ၊ သာယာကုန်းကျောင်းတိုက် ဆရာတော်ကို ဖူးမြှော်ကြည်ညို၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ စုဖွဲ့၍ ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့်သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သသာဝဘေးဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများဖြင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အလှပ်ကျေးရွာ၊ သာယာကုန်းကျောင်းတိုက်၊ ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျ ကြိုတင်စီမံ ဆောင်ရွက်ထားပါကြောင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ထိဆက်နေသည့် နေရာဒေသများတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းအန္တရယ်ကို ကြိုတင်သတိပြုနေထိုင်ကြရမှာဖြစ်ပြီး မိုးလေဝသသတင်းများ၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ထူးခြားဖြစ်စဉ်များအပေါ် တာဝန်ရှိသူများကလည်း အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြကြရန်နှင့် ဖြစ်ပွားလာနိုင်သည့်ဘေးဖြစ်စဉ်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အများပြည်သူများအနေဖြင့် မုန်တုန်းအန္တရာယ် သတိပေးချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုကို အထူးဂရုစိုက်၍ မပေါ့ဆကြရန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကယ်ဆယ်ရေးစခန်းများသို့ လျှင်မြန်ပြောင်းရွှေ့နိုင်ကြရန်အတွက် တာဝန်ရှိသူများနှင့် အချိန်မီ ချိတ်ဆက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားကြားခဲ့ပြီး သဘာဝဘေးဖြစ်စဉ်အပေါ် ဒေသခံပြည်သူများ၏ လတ်တလောလိုအပ်ချက်များအား တင်ပြတောင်းခံခဲ့ကြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှပ်ကျေးရွာ၊ ခင်တန်းကျေးရွာများရှိ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းတို့ကြောင့် ရေကြီး၊ ရေလျှံခြင်းများ မဖြစ်ပွားစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေး လိုအပ်သော လူအင်အားစုဖွဲ့မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများ၊ ဆေးနှင့် ဆေးပစ္စည်းများကို အရန်သင့်စုဆောင်းထားရှိကြရန်၊ ဘေးဖြစ်စဉ်များအပေါ် အခြေ ပြု၍ ပြည်သူလူထု အတွက် လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)