မက်မန်းခရိုင်အတွင်း၌ မုန်တိုင်းတိုက်ခတ်လာပါကအရေးပေါ်ကူညီမှုများ လုပ်ဆောင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းခရိုင်အတွင်း၌ မုန်တိုင်းတိုက်ခတ်လာပါကအရေးပေါ်ကူညီမှုများ လုပ်ဆောင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်




MNP ၊ မေ  ၉

မက်မန်းခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များသည် လာမည့်ရက်ပိုင်းအတွင်း၌ တိုက်ခတ်လာနိုင်သည့် မုန်တိုင်းကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်နေကြသည်။


"ခရိုင်/မြို့နယ်ရှိ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေအကုန်လုံးက မုန်တိုင်းတိုက်ခတ်လာရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ၊ အကူအညီလိုအပ်တဲ့ လူတိုင်းကိုကူညီပေးသွားမှာပါ"


"အဓိကလိုအပ်တာက သောက်သုံးရေဆေးဝါးပစ္စည်းနဲ့စားနပ်ရိက္ခာပေါ့၊ နိုင်သလောက်စုဆောင်းထားတာ ကိုယ့်အိမ်က ခိုင်မာမှုရှိလား/မရှိစစ်ဆေးပြီး ခိုင်မာမှုမရှိရင် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်၊ ကိုယ့်မြို့နယ်ကျေးရွာရပ်ကွက်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဖုန်းနံပါတ်တွေကိုအသင့်ဆောင်ထားသင့်တယ်၊ ဒါမှအကူအညီလိုအပ်ရင် ချက်ခြင်းအကြောင်းကြားနိုင်မှာပါ" ဟုတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာကာကွယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ စက်သုံးဆီ၊ စားသောက်ကုန်၊ မော်တော်ယာဉ်များ၊  အသင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။


အေးဝင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)