ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ မေ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ မေ ၂၇ ရက်တွင် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ မြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ကျောင်းဖွင့်ချိန်အမီ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကြီး များ၊  ဆောက်လုပ်ရေးအဖွဲ့များအား တွေ့ဆုံ၍ ကျောင်းအဆောက်အဦများ ဆောက် လုပ်ပြီးစီးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ မုန်တိုင်းသင့် ရပ်ကွက်၊ ကျေးရွာ များမှ ဒေသခံပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများအား လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့သည်။


အလားတူ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် လေဘေးသင့်ပြည်သူများအတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင် များ ထောက်ပံ့လှူဒါန်းသော တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် တင်ဆောင် ရောက်ရှိလာသည့် ပစ္စည်း ၁၃ မျိုးအား လေဘေးသင့်ပြည်သူများထံသို့ အမြန် ရောက်ရှိရေးတို့အတွက် မြို့နယ်သဘာဝဘေးပြန်လည် ထူထောင်ရေး ကော်မတီဝင် များနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။


အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသာ ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည်  စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌   ပြုလုပ်သည့် စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)