ဇီးကုန်းမြို့နယ်၌ တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်



MNP ၊ မေ  ၁၁

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏  လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ညို၊ နတ်တလင်းမြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်ရည်လှိုင်၊ ကြို့ပင်ကောက်မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်ဦးစီးမှူး ဦးသက်လုံဦးတို့နှင့်အတူ ဇီးကုန်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဇီးကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းပြီး၊ ကျန်းမာရေးအသိပညာပေး ဟောပြောဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသခြင်းများ၊ ဆေးဝါးများလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့သို့ဆောင်ရွက်ရာတွင် အမျိုးသား (၉)ဦး၊ အမျိုးသမီး(၄၁)ဦး စုစုပေါင်း (၅၀)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်တိုင်းရင်းဆေးဦးစီးမှူးထံမှ သိရသည်။


တင့်ဆွေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)