ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအ‌စည်းအဝေးဒုတိယအကြိမ် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအ‌စည်းအဝေးဒုတိယအကြိမ် ကျင်းပ





MNP ၊ မေ  ၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအ‌စည်းအဝေးကို ယနေ့ နံနက်ပိုင်းကပေါင်မြို့နယ်   ဝါရီရူ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကပူပြင်းခြောက်သွေ့သောရာသီဖြစ်သည့် ဧပြီလနှင့် မေလများတွင် မီးလောင်ခြင်းများ၊လေပြင်းတိုက်ခတ်ခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့်အတွက် မြို့နယ်အတွင်းရှိ  တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်၊ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ပရဟိတစေတနာရှင်ပြည်သူများ၊ရပ်ကွက်/ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကအချိန်နှင့်တပြေးညီတုန့်ပြန်ဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း၊မုန်တိုင်း၏အရောင်ကွဲပြားမှုအလိုက် သတိထားပြီး မိုးလေဝသမှထုတ်ပြန်ထားသည့်သတင်းများကို အချိန်ပြည့်နားထောင်ပြီး မုန်တိုင်းအန္တရာယ်မှ ကာကွယ်မှုများကို သိရှိ‌ထားရန်  ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မုန်တိုင်းအန္တရာယ်မှကာကွယ်ရန် ရှောင်ရန်၊ဆောင်ရန်များ၊စုရပ်များထားရှိပါက မိမိ ၏မိသားစုကို အချိန်မီ‌ စုရပ်သို့ရောက်ရှိနိုင်အောင်ကြိုတင်အသိပေးထားရန်၊လေလုံဗူးများ ၊လက်နှိပ်ဓာတ်မီးများအပြင်၊မိမိတို့အချင်းချင်း ဆက်သွယ်မှုမပြတ်စေရန် လက်ကိုင်ဖုန်းများကို အားသွင်းထားခြင်းစသည်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အဆိုပါအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ၊ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊မြို့နယ်အတွင်းရှိပရဟိတအဖွဲ့ဝင်များနှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)