Pages

Pages

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာရှိ ဗောဓိတစ်ရာစေတီ ပြိုကျပျက်စီးခဲ့


MNP ၊ မေ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာတွင် ယနေ့ မေလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဗောဓိတစ်ရာစေတီ ပြိုကျပျက်စီးခဲ့ရသည်။


မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာရှိ ဗောဓိတစ်ရာစေတီ ပြိုကျပျက်စီးခဲ့ရာသို့ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များမှ ပူးပေါင်း၍ ဌာပနာများထွက်ရှိမှုရှိ/မရှိ ကျောင်းထိုင်ဆရာတော်များနှင့် ကြည့်ရှုစစ်ဆေးကာ ညှိနှိုင်း၍ လုံခြုံရေးနှင့်ပြန်လည်ပြုပြင်ရေးကိစ္စရပ်များအား ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment