နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်ခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်ခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ




MNP ၊ မေ  ၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) (PRIC)စီမံချက်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် အခမ်းအနားမစတင်မည် မြို့နယ်ကြက်ခြေနီအသင်းမှ ကြွရောက်လာသော ဧည့်သည်တော်များအား မိုင်းအန္တရာယ် အသိပညာပေးအကြောင်းပြခန်းတွင် နံရံကပ်စာစောင်များဖြင့် အသိပညာ၊ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှ  အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကြွရောက်လာသော ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များပေးအပ်ကာ အခမ်းအနားကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်မှပေးပို့လာသော သဝဏ်လွှာအား နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးဦးခင်မောင်မှဖတ်ကြားခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီ မှအဖွင့်အမှာစကားပြောကြားခဲ့ကာ၊ စီမံကိန်းအရာရှိ ဒေါ်စုစုလှိုင်မှ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်ပူးပေါင်း၍ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်နှင့် စီမံကိန်းအကြောင်းအား အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(နည်းပြ)သင်တန်းတွင် ထူးချွန်ဆုရရှိသော တပ်ဖွဲ့ဝင်များအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးခင်မောင်နှင့် တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာချီမြှင့်ပေးပြီး၊ ၂၀၂၂ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလထိ လူမှုဂရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတစ်မံလှုပ်ရှားခဲ့သော တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူတို့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် တပ်ဖွဲ့ဝင်များအား ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခဲ့ကြောင်း သိရပြီး၊ အခမ်းအနားသို့ နမ့်ဆန်မြို့နယ်အတွင်းရှိ စေတနာရှင်အသင်းအသီးသီးမှ တာဝန်ရှိသူများ၊ ရက်ကွပ်/ကျေးရွာများမှ ရပ်မိရပ်ဖများနှင့် စေတနာ့ရှင်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)