MNP - မေ ၉
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒန်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့ အန်တိုနီ ဂေါ်ဒန်ရဲ့ အကောင်းဆုံးပုံစံကို ရှာမတွေ့သေးပါဘူး။ သူ့ဆီကနေ နောက်ထပ် ရလာစရာတွေ ရှိသေးတယ်။ သူလုပ်နိုင်တဲ့ အရိပ်အယောင်တွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အက်ဒီဟောင်းက "ကျွန်တော် သူ့အတွက် တကယ်ကို ကျေနပ်နေပြီး အနာဂတ်မှာ သူဟာ ကျွန်တော်တို့အတွက် အရည်အသွေးမြင့် ကစားသမား ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment