Pages

Pages

သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင် များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်





MNP ၊ မေ  ၁၅

သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင် များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်မှုများကို ယမန်နေ့ ညနေမှစ၍ သံတွဲမြို့ နယ်မီးသတ် တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ သံတွဲမြို့ အမှတ်(၈)ရပ်ကွက် မင်းဘာကြီးလမ်း၊ ငပလီမြို့ လင်းသာရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ဗိုလ်ကုန်းတို့တွင် လဲကျနေသောသစ်ပင်များ၊ လဲကျပြီးအိမ်များကိုပိနေသော အုန်းပင်၊သစ်ပင်များကို မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅ ဦးစုစုပေါင်း ၂၀ဦးတို့သည် လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၇နာရီမှစတင်၍ ကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment