ကျောက်ဖြူမြို့၌ သဘာဝဘေးပေါ်ပေါက်လာပါက အရေးပေါ်ကူညီကယ်ဆယ်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ သဘာဝဘေးပေါ်ပေါက်လာပါက အရေးပေါ်ကူညီကယ်ဆယ်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိ






MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုးကြိုကာလတွင် ဖြစ်ပွားတတ်သည့် မုန်တိုင်းဘေးအန္တရာယ် နှင့်ရင်ဆိုင်ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီကူညီကယ်ဆယ်မှုများ တုန့်ပြန်ဆောင်ရွက်နိုင်ရန် အတွက် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် လိုအပ်မည့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့ ထားရှိသည်။


ထိုသို့ စုဖွဲ့ထားရှိရာတွင် ‌ကျောက်ဖြူခရိုင်/မြို့နယ်ဦးစီးဌာနရုံးမှ  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များအား အသင့်စုဖွဲ့ထားရှိပြီး ရှာဖွေရေးအတွက်လိုအပ်မည့်ပစ္စည်းများဖြစ်သည့် Speed Boat ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်းနှင့် အသက်ကယ်ကြိုးများ၊ မော်တော်ယာဉ်များ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အသင့်ကြိုတင်ဆောင်ရွက်ထားရှိပြီး ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများ ကောင်းမွန်ကြံ့ခိုင်မှုရှိ/မရှိကို ခရိုင်မီးသတ်ဦးစီးမှူး ဦးစည်သူလင်းနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူတို့မှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)