MNP ၊ မေ ၁၂
ပေါက်မြို့နယ်တောင်ပိုင်း ဒီးဒုတ်ကွင်းကျေးရွာတွင် ဘေးပတ်လည်မှ PDF များ ဝန်းရံနေပြီး ရွာအပြင်ဘက် တစ်မိုင်ခန့်လောက်ကိုပင် ထွက်လို့မရဘဲ ဆန်ပြတ်လပ်နေသဖြင့် ရွာသူရွာသားများ ဆန်ပြုတ်သောက်နေရသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦး က မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုသည်။
ဒေသခံတစ်ဦးက "ပြည်သူ့စစ်ရှိတာက ကျွန်တော်တို့ တစ်ရွာပဲ ရှိတာ။ ပတ်ပတ်လည် ကျေးရွာတွေမှာက PDF တွေများတယ်။ လမ်းမှာ မိုင်းတွေ ထောင်ထားတယ်။ ရွာအပြင် တစ်မိုက်လောက်ကို ထွက်မရဘူး။ ရွာသားတွေ ဆန်ပြုတ်သောက်နေရတာ လနဲ့ချီနေပါပြီ။ စစ်ကြောင်းလည်း မလာဘူး" ဟု ဆက်သွယ်ပြောဆိုလာခြင်း ဖြစ်သည်။
တာဝန်ရှိသူများအနေဖြင့် ရွာသားများ ကြုံတွေ့နေရသော စားသောက်ရေးအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ဆက်သွယ်ပြောဆိုခြင်း ဖြစ်ပြီး ဆန်၊ ဆီ၊ ပဲ၊ စား အစရှိသည့် စားနပ်ရိက္ခာများ ပို့ဆောင်ပေးနိုင်ရန် အကူအညီ တောင်းခံလာခြင်းဖြစ်သည်။
အဆိုပါ ပေါက်မြို့နယ်တောင်ပိုင်းတွင် PDF စိုးမိုးထားသည့် ကျေးရွာများနေပြီး လမ်းခရီးတွင် မိုင်းများထောင်ထားခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ကျေးရွာများမှ ရွာသူရွာသားများမှာ သွားလာရေး အခက်ကြုံနေရပြီး PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment