ပြည်မြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပေးကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပေးကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ




MNP ၊  မေ  ၁၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့၌ယနေ့နံနက်၈နာရီအချိန်ကလူစည်ကားရာနေရာဖြစ်သော ပြည်မြို့လမ်းမတော်လမ်း ဗဟိုမီးသတ်ရုံးရှေ့နှင့် ဗိုလ်ချုပ်လမ်း ကိုးသောင်းဈေးရှေ့တို့တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံန်ခွဲ့မှု့ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ခရိုင်ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ဈေးသွားဈေးလာများနှင့် ခရီးသွားပြည်သူများအားမုန်တိုင်းအန္တရာယ် အသိပေးကြေငြာခြင်း၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မီးဘေးစသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါဖြန့်ဝေခဲ့သောမုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်နှင့် လေပြင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များတွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင်ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီး ရှောင်ရှားသင့်သည့်အချက်များ ပါဝင်ပြီး လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်တွင် လေပြင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုပ်နာရန်အချက်များ ပါဝင်ကြောင်းသိရသည်။


ကိုစိုး(ပြည်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)