မုံရွာနှင့် ကလေးမြို့တို့တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာနှင့် ကလေးမြို့တို့တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ မေ ၁၀ 

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တို့၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လှုပ်ရှားနေသူများ၊ အကြမ်းဖက်လှုံ့ဆော်နေသူများထဲမှ ဖမ်းဆီးရမိသူတချို့ကို (၉-၅-၂၀၂၃) ရက်နေ့က သက်ဆိုင်ရာ မြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့၊ အေးသာယာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ပြီး မိုင်းထောင်၊ မိုင်းခွဲခြင်းများအား ပြုလုပ်ခဲ့သူ တရားခံ အောင်ဇော်မြင့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို့နယ်၊ အင်ဒိုင်းကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ တရားခံ ကျော်ဆန်းလွင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊

ကလေးမြို့နယ်၊ ပေါက်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ အကြမ်းဖက်အဖွဲအစည်းများအား ယာဉ် ကြို/ပို့ လုပ်ဆောင်ပေးခဲ့သူ တရားခံ ချမ်းကိုအောင်(ခ)ချမ်းကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊

ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြိုပေါ်ရပ်ကွက်များ၌ ဆန္ဒပြသည့် အဖွဲ့များတွင် ဦးဆောင်ပါဝင်ခဲ့သူ တရားခံ မင်းသူ (ခ)ဖိုးပေါင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များ၌ ဆန္ဒပြသည့်အဖွဲ့များတွင် ဦးဆောင်ပါဝင်ခဲ့သူ တရားခံ ချစ်စန်းမောင်(ခ) ထွန်းထွန်းဝေ အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များ၌ ဆန္ဒပြသည့် အဖွဲများတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်မှုများ ပြုလုပ်ခဲ့သူ တရားခံ သန်းစိုးဦး(ခ)ဂွတို အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြိုပေါ်ရပ်ကွက်များ၌ ဆန္ဒပြသည့် အဖွဲ့များတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်မှုများ ပြုလုပ်ခဲ့သူ တရားခံ ဒေါ်ကျိန်ဒိတ်ကိမ်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြိုပေါ်ရပ်ကွက်များ၌ ဆန္ဒပြသည့် အဖွဲ့များတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်မှုများ ပြုလုပ်ခဲ့သူ တရားခံ ဒေါ်နှင်းစံအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များ၌ ဆန္ဒပြသည့် အဖွဲ့များတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်မှုများ ပြုလုပ်ခဲ့သူ တရားခံ မျိုးကိုဝင်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာအတွင်း ဆန္ဒပြပွဲများတွင် လိုက်ပါဆန္ဒပြခဲ့ကြောင်း အစိုးရဝန်ထမ်းများနှင့် ကျေးရွာသူ/သားများ အား နည်းလမ်းအမျိုးမျိုးဖြင့် အန္တရာယ်ဖြစ်စေရန် ပြုလုပ်ခဲ့သူ တရားခံ နိုင်မင်းထက်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ်၊

ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာအတွင်း ဆန္ဒပြပွဲများတွင် လိုက်ပါဆန္ဒပြခဲ့ကြောင်း အစိုးရဝန်ထမ်းများနှင့် ကျေးရွာသူ/သားများ အား နည်းလမ်းအမျိုးမျိုးဖြင့် အန္တရာယ်ဖြစ်စေရန်ပြုလုပ်ခဲ့သူ တရားခံ နေထက်လင်း အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် (၂)နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)