ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ မေ  ၈

ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိ ရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဂွမြို့နယ်အနေဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ သဘာဝဘေး အန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် သဘာဝဘေး ကာ ကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှုများ၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် ဆုံးရှုံးမှု လျော့နည်းသက်သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်း ကော်မတီ အသီးသီး အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ ရပ်ကွက်/ကျေးရွာများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ပူးပေါင်း ပါဝင်ဆောင်ရွက်ထားရှိရေး၊ သဘာဝဘေး ကာကွယ်နိုင်ရေးအတွက် အသိ ပညာပေးရေးနှင့် ကြိုတင်ဇာတ်တိုက် ပြုလုပ်ဆောင်ရွက်ထားရှိရေး၊ ဂွမြို့နယ်အနေဖြင့် ပြည်သူများ မုန်တိုင်းဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် လုံခြုံစိတ်ချစွာ ခိုလှုံနိုင်သည့် နေရာ(၁၁)နေရာအား ရွေးချယ်ထားရှိပြီး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရှိရေးစသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ကျေးရွာများအနေဖြင့်  ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် ဆက်သွယ်ရေးများပြတ်တောက်သွားပါက ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် မြို့နယ်တွင် ဖွင့်လှစ်ထားသည့် command post အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက  လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)