သရက်ချောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ မေ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃–၂၀၂၄)ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေး (နည်းပညာ)၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်း မြတ်ထက်နှင့်ဝန်ထမ်းများ၊ သံဂဟေဆက်ဆရာနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေး(နည်းပညာ)မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများစီးပွားရေးအခွင့်အလမ်းများရရှိစေရန် များစွာပံ့ပိုးကူညီလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများအပြင် မြစိမ်းရောင်စီမံကိန်းများကို မြို့နယ်အတွင်း၌ အောင်မြင်တွင် အကောင်ထည်ဖော်ဆောင်ရွက်ရှိကြောင်း စသည်ဖြင့်အဖွင့် အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က အဆိုပါသင်တန်းသည် ဒေသနှင့်ကိုက်ညီပြီး အလုပ်ကိုင်အခွင့်အလမ်း ပေါများသော အသက်မွေးဝမ်းကျောင်းပညာများရရှိကာ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင် သည်အထိ ကျွမ်းကျင်တက်ရောက်လာစေရန်၊ တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမှသည် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာပြီး အသေးစားစက်မှုလုပ်ငန်းများမှ နိုင်ငံ့စီးပွားအထောက် အကူပြုနိုင်ရေးအတွက် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာက သင်တန်းသားများအား ဂဟေစက်အသုံးပြုပုံ၊ သံများအား ဂဟေဆက်နည်းနှင့် လျှပ်စစ်ချိန်ညှိခြင်း၊ ဂဟေဆက် သင်္ကေတများ စသည့်သင်ခန်းစာများကို သင်တန်းသား (၁၂)ဦးတို့ဖြင့် (၁၅)ရက်ကြာ စာတွေ့/ လက်တွေ့နည်းများဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းပြောကြားကာ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာအခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးပိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)