သံတွဲခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP ၊ မေ  ၈

သံတွဲခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ည ၆ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။ 


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေး မဖြစ်မီကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းသည် ဖြစ်ပေါ်နေချိန် ပျက်စီး ဆုံးရှုံးမှုနည်းပါးစေပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ပိုမိုလွယ်ကူအဆင်ပြေနိုင်ကြောင်း၊ ခရိုင် /မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ များကိုဖွဲ့စည်းထားရှိပြီး ဖြစ်သဖြင့်  ကော်မတီဝင်များ အနေဖြင့်လုပ်ငန်းကော်မတီအလိုက်စီမံချက်များရေးဆွဲပြီး မိမိတို့တာဝန်များကို ကျေပွန်စွာဆောင်ရွက်ပေးစေလိုကြောင်း ၊ လက်ရှိကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်းပြောကြားခဲ့သည်။


      ၎င်းနောက်သံတွဲခရိုင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က ရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်ချက်များနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကိုတင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်ပြီးလုပ်ငန်းကော်မတီဝင်များက သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကော်မတီအလိုက်ကြိုတင်စီစဥ်ထားရှိမှု အခြေ အနေများနှင့် လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြရာ ဥက္ကဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)