Pages

Pages

မြန်မာ အမျိုးသား ယူ -၂၂ အသင်း ဗိုလ်လုပွဲကြီးနဲ့ လွဲချော်ခဲ့ရပြီ



ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာ အမျိုးသား ယူ-၂၂ ဘောလုံးအသင်း ဟာ အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။ ဒီနေ့ ထိုင်း အသင်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ ပထမပိုင်း အဖွင့်မှာပဲ ထိုင်းဘက်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လုပ်လာခဲ့ပါတယ်။ ထိုင်းအသင်းအနေနဲ့လည်း မြန်မာအသင်းကို ထင်သလောက် ဖိအားမပေးနိုင်ပါဘူး။ မြန်မာအသင်းဘက်ကလည်း ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်လာပါတယ်။

မြန်မာအသင်း နည်းပြချုပ် မိုက်ကယ်ကတော့ အနီကတ် ထိထားတဲ့အတွက် မိမိရဲ့ အသင်းကို ပွဲကြည့်စင်ပေါ်ကနေ အားပေးနေရတာကို မြင်တွေ့လိုက်ရပါတယ်။ မြန်မာနောက်တန်း ရဲ့ တချို့သော ပေးပို့မှုတွေဟာ သဲထိတ်ရင်ဖို မြင်တွေ့ခဲ့ရပါတယ်။ မြန်မာအသင်းအနေနဲ့ ပြန်လည်ထိုးဖောက် ပေမယ့်လည်း ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု အလွန်နည်းခဲ့ပါတယ်။ 

ထိုင်းအသင်းက ကွင်းတခြမ်းအထိ လိုက်ပြီး ဖိကစားထားတဲ့ အနေအထားမှာ မြန်မာက ခံစစ်ကိုအနေအထား ဖြစ်ခဲ့ပါတယ်။ ထိုင်းအသင်း က ပြစ်ဒဏ်ဘောကနေတဆင့် ခေါင်းတိုက် သွင်းပြီး အဖွင့်ဂိုးကို ရယူသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ထပ်ဆောင်း အချိန် ၄မိနစ်ပေးခဲ့ပါတယ်။ မြန်မာအသင်း က ချေပဂိုးရနိုင်မယ့် အခွင့်အရေးတစ်ခု ကျောနံပါတ် ၉ ဥက္ကာနိုင် က ဖန်တီးပေးခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ်။ မြန်မာ နောက်တန်းဟာ ဂိုးရှေ့မှာ မလုပ်သင့်တဲ့ ပေးပို့မှုတွေ လုပ်တာကတော့ တကယ့်ကို သည်းထိတ်ရင်ဖိုစရာပါ။ 

ဒုတိယပိုင်းမှာ မြန်မာအသင်း က ဆက်တိုက်ဆိုသလို ထိုးဖောက်တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အနီးကပ်ပေးပို့မှုကိုပဲ အဓိကထား ကစားပါတယ်။ အဝေးကန်ချက်တွေက ဂိုးပေါက်နဲ့ သိသိသာသာ လွဲချော်နေပါတယ်။ မိနစ် ၆၀ မှာ လူစားလဲမှုတွေ လုပ်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရ ထိုင်းအသင်းက သာလွန်နေတယ်လို့လည်း မဆိုနိုင်ပါဘူး။ ဘတစ်ပြန် ကျားတစ်ပြန် ကစားနိုင်တဲ့ အနေအထား ရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောတွေ မြန်မာအသင်းက ပိုပေးရပါတယ်။ ပွဲချိန် ၈၅ မိနစ်မှာတော့ ထိုင်းအသင်း က လူစားဝင်ကစားသမားက ဒုတိယဂိုး ထပ်မံသွင်းယူသွားခဲ့ပါတယ်။ ထပ်ဆောင်း အချိန်ပို နောက်ဆုံမိနစ်မှာ ထိုင်းအသင်း က အဝေးကန်ဘောနဲ့ ၁ဂိုး ထပ်မံ သွင်းယူသွားပြန်ပါတယ်။ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ထိုင်းအသင်းကို  ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။


#MyanmarNationalPost

No comments:

Post a Comment