ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ မေ  ၇ 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိ ရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေးဖြစ်ပွားနိုင်သည့် အတွက် ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်ရန်၊ သဘာဝဘေး ကာကွယ်နိုင်ရေး အသိ ပညာပေးရေး ၊ သဘာဝဘေး ကာ ကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်မည် ဖြစ်ကြောင်း ၊သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် ဆုံးရှုံးမှု လျော့နည်းသက်သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်း ကော်မတီ အသီးသီး အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ ဘေးအန္တရာယ်များ စနစ်တကျ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန် စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ရာ  လိုအပ်သည်များအား ခရိုင် စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)