Pages

Pages

ဒါဝင်နူးနက်ဇ်နှင့် အာနိုးတို့ကို ယာဂင်ကလော့ပ် ချီးကျူး



MNP - မေ  ၁၁


လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က ရာသီအစက ရုန်းကန်ခဲ့ရတဲ့ အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်နဲ့ ညာနောက်ခံကစားသမား ထရန့် အဲလန္ဒြား အာနိုးတို့ရဲ့ ခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်လာမှုကို ချီးကျူးခဲ့သည်။


ယာဂင်ကလော့ပ်က "ဒါဝင်နူးနက်ဇ်နဲ့ အတူ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြတုန်းပါပဲ။ အခု ပုံစံသစ်နဲ့ ကစားနေတော့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာပေါ့၊ ဒါပေမယ့် သူက စက်ရုပ်တစ်ရုပ်လိုပါပဲ" လို့ ပောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကလော့ပ်က"အဲလန္ဒြား အာနိုးဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးသမားဆိုတာ ကျွန်တော်တို့ သိပါတယ်။ လူတိုင်းက ဒီအဆင့်ကို ဘယ်လိုမှ ခုခံကာကွယ်လို့မရပေမယ့် သူကတော့လုပ်နိုင်တယ်" 


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment