ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်း နှင့် နှိုးဆော်ခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်း နှင့် နှိုးဆော်ခြင်းများ ပြုလုပ်





MNP ၊ မေ  ၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း များကို ယနေ့ ညနေပိုင်းက  ကျေးရွာအုပ်စု များတွင်   အသိပညာပေးဟောပြောခြင်း နှင့် နှိုးဆော်ခြင်းများ  ဆောင် ရွက် ခဲ့ကြသည်။


ထို့သို့ အသိပညာပေးနိုးဆော် ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် ၍  ကျန်းမာရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူ များ က  မြို့နယ်အတွင်းရှိ ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတွင်ရှိသော ကျောက်ပန္ဒူကျေးရွာ ၊ အင်းဒင်း ကျေးရွာ  ၊ ဒု ညောင်ပင်ကြီး ကျေးရွာ ၊ ပဒင်းကျေးရွာအုပ်စု ၊ ပန်းတောပြင်ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ပြည်သူများ အနေ ဖြင့်   မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ လေပြင်း တိုက်ခတ်ခြင်း များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ဂရုပြု နေထိုင် ကြပါရန် ၊ မုန်တိုင်းကြောင့် ပင်လယ် ကမ်းစပ်အနီးရှိ ကျေးရွာအုပ်စု အိမ်ထောင်စုများ အလိုက်  အသုံးအ ဆောင် ပစ္စည်းများ ကြိုတင်ပြင်ဆင် ထုပ်ပိုး နိုင်ရေး ၊  သောက်သုံးရေ ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးစုဆောင်းထားရှိ မည့် အခြေ အနေ များ ၊ ကျွဲနွားများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရမည့် အစီအစဉ်များ ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများ မြစ်ချောင်း ပင်လယ်အတွင်းသို့ ထွက်ခွာခြင်း မပြုစေရေး စသည့်တို့ကို အသိပေးဟောပြောခြင်း နှင့် လိုက်လံ နှိုးဆော်ခဲ့ကြ ကြောင်း သိရ သည်။ 


သက်လွင်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)